GuidePedia

0
မြတ်မင်္ဂလာ

အခြေခံဗုဒ္ဓဘာသာသင်တန်းကျောင်း

          ၂၀၁၃ - ခုနှစ်၊ နိုဝင်ဘာလတွင် မြတ်မင်္ဂလာအခြေခံဗုဒ္ဓဘာသာသင်တန်းကျောင်းတွင် အင်္ဂလိပ်စာ  စွမ်းရည်ပြိုင်ပွဲတစ်ရပ်ကျင်းပမည်ဖြစ်ပါသည်။ ထိုပြိုင်ပွဲတွင် အပြောစွမ်းရည် (Talk Show)၊ အရေးစွမ်း ရည် (Essay) တို့အပြင် တွေးခေါ်ပြောဆိုမှုစွမ်းရည်ပြိုင်ပွဲ (Debate) စသည်တို့ကို ပြိုင်ပွဲတစ်ရပ်အနေဖြင့်  ကျင်းပမည်ဖြစ်ပါသည်။
- ပြိုင်ပွဲအစီအစဉ်များကို အောက်ပါနေ့စွဲ၊ အချိန်အတိုင်းကျင်းပပြုလုပ်ပါမည်။


၁။ အင်္ဂလိပ်စာအရေးစွမ်းရည်ပြိုင်ပွဲ
    နေ့စွဲ      -    နိုဝင်ဘာလ (၂၄)ရက်၊ ၂၀၁၃၊ တနင်္ဂနွေနေ့
    အချိန်    -    နံနက် (၉း၀၀)နာရီ မှ (၁၀း၀၀)နာရီထိ

၂။ တွေးခေါ်ပြောဆိုမှုစွမ်းရည်ပြိုင်ပွဲ (Debate)
    နေ့စွဲ     -     နိုဝင်ဘာ (၂၈)ရက်၊ ၂၀၁၃၊ ကြာသပတေး
    အချိန်   -     နံနက် (၉း၀၀)နာရီ မှ ညနေ (၅း၃၀)ထိ

၃။ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ နှင့် ဆုပေးပွဲအခမ်းအနား
    နေ့စွဲ    -      နိုဝင်ဘာ (၂၉)ရက်၊ ၂၀၁၃၊ သောကြာနေ့
    အချိန်  -      နေ့လည် (၁း၀၀)နာရီ

- ပါဝင်ယှဉ်ပြိုင်လိုသောသူများအနေဖြင့် ပြိုင်ပွဲကျင်းပသည့်နေ့များတွင် မိနစ် (၃၀) ကြိုတင်၍ ရောက်လာပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက -

(က) အရေးစွမ်းရည်ပြိုင်ပွဲ
           ယှဉ်ပြိုင်ရေးသားမည့်ခေါင်းစဉ်ကို ကြိုတင်အသိပေးမည်မဟုတ်ပါ။ သို့သော်ပြိုင်ပွဲဝင်များသည် "Reading, Education" စသည့်တို့နှင့် သက်ဆိုင်သော ခေါင်းစဉ်များကို ကြိုတင်လေ့လာထားရပါမည်။  
          စာလုံးရေ (၂၀၀ - ၂၅၀) အတွင်း ရေးသားကြရမည်ဖြစ်ပါသည်။
          ပြိုင်ပွဲဝင်အရေအတွက် - ကျောင်းတစ်ကျောင်းမှ (၂) ဦးစီ

(ခ) တွေးခေါ်ပြောဆိုမှုစွမ်းရည်ပြိုင်ပွဲ (Debate)
          ယှဉ်ပြိုင်မည့်ခေါင်းစဉ်များနှင့် သုတေသနစာတမ်းများအား ကြိုတင်အသိပေးထားမည်။ ပြိုင်ပွဲဝင်များသည် Education, Vehicle for a brighter future နှင့် ပတ်သက်သော အကြောင်းအရာများအား ကြိုတင်လေ့လာထားရပါမည်။
           ပြိုင်ပွဲဝင်အရေအတွက်   -   ကျောင်းတစ်ကျောင်းမှ (၃)ယောက်တစ်ဖွဲ့ (သို့) နှစ်ဖွဲ့

(ဂ) စကားပြောပြိုင်ပွဲ (အပြောစွမ်းရည်) (မေးခွန်းဖြေကြားရန်အပါအဝင်)
          ယှဉ်ပြိုင်ရမည့် ခေါင်းစဉ်ကို ကြိုတင်အသိပေးမည်မဟုတ်ပါ။ သို့သော်ပြိုင်ပွဲဝင်များသည် "Language, Education" စသည့်တို့နှင့် သက်ဆိုင်သောခေါင်းစဉ်များကို ကြိုတင်လေ့လာထားရပါမည်း
          Presentation (၃) မိနစ် ယှဉ်ပြိုင်ပြီးနောက် ဒိုင်လူကြီးများ၏ မေးခွန်းများကိုလည်း (၃)မိနစ်အတွင်း ယှဉ်ပြိုင်သူများအနေဖြင့် ပြန်လည်ဖြေကြားရမည် ဖြစ်ပါသည်။
                ပြိုင်ပွဲဝင်အရေအတွက်    -     ကျောင်းတစ်ကျောင်းမှ (၁) ဦးစီ

            ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မြတ်မင်္ဂလာအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကျောင်း နှင့် သီရိဇေယျုံဗုဒ္ဓဘာသာသင်တန်းကျောင်း သို့ (၁.၁၁.၂၀၁၃) မှ (၂၀.၁၁.၂၀၁၃) အတွင်း လူပုဂ္ဂိုလ်ကိုယ်တိုင် မပျက်မကွက်အကြောင်းကြားရပါမည်။


မှတ်ချက် ။     ။ တွေးခေါ်ပြောဆိုမှုစွမ်းရည်ပြိုင်ပွဲ (Debate) တွင် ပါဝင်ယှဉ်ပြိုင်လိုသူများသည် (၃.၁၁.၂၀၁၃) နောက်ဆုံးထားပြီး မပျက်မကွက်အကြောင်းကြားရပါမည်။

ဆက်သွယ်ရန် ။      ။  တနင်္ဂနွေနေ့မှအပ တနင်္လလာမှ စနေနေ့အထိ နံနက် (၉း၀၀)နာရီမှ ညနေ (၄း၀၀)နာရီအတွင်း
မြတ်မင်္ဂလာကျောင်း၊ ဖုန်း - ၀၁ ၉၆၉၀၄၉၉၊ ၀၉ ၄၃၁၁၅၅၄၂၊ 
(သို့)
T.B.E.L.C ဖုန်း - ၀၁ ၆၉၁၃၂၆၊ ၀၉ ၇၃၁၀၇၆၅၁၉
မှတ်ချက်။     ။ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် လိုင်စင်ဓါတ်ပုံ (၁) ပုံယူဆောင်လာရပါမည်။ သတ်မှတ်ရက်ထက်နောက်ကျပြီးတင်သွင်းလာသော လျှောက်လွှာများကို လုံးဝ (လုံးဝ) လက်ခံမည်မဟုတ်ပါ။
ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ






Post a Comment

 
Top