
၃၈- ဖြာ မင်္ဂလာတရားများသည် လူ့လောကတွင် နေထိုင်စဉ်၌ စိတ်ရော
ကိုယ်ပါကြီးပွားချမ်းသာ ရအောင်ကြံဆောင်နိုင်သော တရားများဖြစ်သည့်အ
လျောက် လူမျိုးမရွေး၊ ဘာသာမရွေးကျင့်ဆောင် ထိုက်သည်။
ထိုကောင်းမြတ်သောလမ်းစဉ်တရားများကို မိမိကိုယ်လည်းသိအောင်
သင်ယူသင့်သည်။သူတစ်ပါးကိုလည်းသိအောင်၊ ကျင့်အောင် တိုက်တွန်း
သင့်သည်။ထိုသူများသည် သူတော်ကောင်း လူတော်ကောင်းများဖြစ်ကြသည်။
ဤတရားများကို သိတစ်ပါးတို့သိအောင်၊ ကျင့်အောင်၊ လိုက်နာအောင် ကိုယ်
ရော၊ စိတ်ရောအားပေးကူညီဆောင်ရွက်သူတို့သည် မိမိ၏လူမျိုးဘာသာ
သာသနာကိုစောင့်ရှောက်သူ၊ ထိန်းသိမ်းသူ၊ပြန့်ပွား စည်ပင်အောင် ဆောင်
ရွက်သူတို့ပင်ဖြစ်ကြသည်။သာသနာပြုလူတော် လူကောင်းပညာရှိများဖြစ်
ကြသည်။
အရှင်သြဘာသ (သဒ္ဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ)
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.